အညွန်း
ဒီတစ်ပတ် အတွင်းတင်ဆက်ပေးမယ့် ဗီဒီယို ဇာတ်ကားကတော့ Superhero Movie(2008) ဇာတ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားကတော့ super hero တော်တော် များများကို Troll လုပ်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။။ အဓိက ကတော့ Spider Man ကို Troll လုပ်ထားတာပါ....
Parody ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်... ရယ်စရာ အခန်းတွေက လည်း တစ်ခန်း၊ ဆိုတစ်ခန်း
သေချာ အဓိပ္ပါယ် ကို စဉ်းစားကြည့်ရင် ရယ်ရပါတယ်.. IMDB rating လည်း 4.5 ရထားပါတယ်
ဒီဇာတ်ကား ရဲ့ ဇာတ်ဆောင်သရုပ်ဆောင် Drake Bell ဟာ Choice Movie Breakout Male Award ကိုလည်း ရခဲ့သေးပါတယ်
Preview
Rick Ricker ဆိုသော သူမှာ Empire High School ရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းက ကောင်မလေး တစ်ယောက်ကို ရူးရူးမူးမူး ချစ်နေခဲ့ပါတယ်..
ကျောင်းတွင် သူ့ကို အနိုင်ကျင့်သူများပြားလှသောကြောင့် သူဟာကျောင်းကို တော်တော်ကြီးကိုစိတ်ပျက်နေမိနေပါတယ်...တစ်နေ့ကျောင်းမှ ကျောင်းအုပ်ဆရာကြီးတို့ နှင့်
အတူ တိရစ္ဆာန် တွေ ကို အဆင့်မြှင့်ထားတဲ့ နေရာကိုလေ့လာရေး ခရီးစဉ်ေ အနေနှင့် ကျောင်းသား/ သူ များစုံစုံလင်လင် သွားခဲ့ပါတယ်.... အဲနေရာမှာ Rick Ricker ဆိုသူက အလွဲလွဲ အချော်ချော်တွေများစွာလုပ်မိပြီး... အဆင့်မြှင့်ထားတဲ့ ပုစဉ်းတစ်ကောင်က သူ့အားလာကိုက်ကာ..
ပုစဉ်းမှ ပါဝါများ သူ့ဆီရောက်သွားပြီ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာကို ဟာသ အပြည့်အစုံဖြင့် တစ်ခဲနက်ကြည့်ရှုရန် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်
Time To Upload
ဒီဇာတ်ကားကိုတော့ ဒီတစ်ပတ် အတွင်းမှာတင်ပေးသွားပါမယ်
.Plot နှင့် အညွှန်းရေးသားသူ Thant Hlaing Oo ဖြစ်ပါတယ်
Monday, June 13, 2016
Runner Media
ကျွန်တော်တို့ Runner Media Blog ဟာမြန်မာ စာတန်းထိုး ဇာတ်ကားကောင်းများကို full streaming ဖြင့် upload လုပ်ပြီးတင်ဆက်ပေးပါမယ်........... ကြည့်ရှု သူများဒေါင်းရအဆင်ပြေအောင်လို့လည်း
Pcloud တို့ Mediafire တို့ဖြင့် upload ပေးထားတာဖြစ်ပါတယ်...
ကျွန်တော်တို့ Blog ကို ဦးဆောင်သူတွေက တော့ Thant Hlaing Oo နှင့် Lin Htet Oo တို့ပဲဖြစ်ပါတယ်...
ကျွန်တော်တို့ တွေက လက်သစ် translator တွေဖြစ်ပေမယ့် Translate Skill ကို သင့်လျင့်သင့်သလို
ခေတ်နဲ့ လျော်ထွေပြန်ပေးနေပါတယ်... အဓိက က တော့ တစ်ပတ်မှာ တစ်ခါပြတဲ့ Running Man ကို ဦးဆောင်ပြီး ပြန်ပေးသွားမှာပါ..
တစ်ပတ် မှာအင်္ဂလိပ်ဇာတ်ကား ၃ကား...အခြားသော ဇာတ်ကားများအပြင် Admin Lin Htet Oo က အထူးအစီအစဉ်အနေဖြင့် ကိုးရီးယား ရုပ်သံ ဇာတ်လမ်းတွဲတွေ.. တရုတ်ဇာတ်လမ်းတွဲ တွေ
ယိုးဒယား ဇာတ်လမ်းတွဲတွေကိုပါဘာသာပြန်ပေးနေမည်ဖြစ်ကြောင်းပြောကြာခဲ့ပါတယ်...
ကျွန်တော်တို့ရဲ့ facebook fan page ကို လည်အလည်လာပြီး Like တွေလည်းပေးကြပါလို့တောင်းဆိုပါရစေ
Facebook Fan Page ကိုသွား ရန် ဒီနေရာကို နှိပ်ပါ
ပြီးတော့ Translator အဖြစ်ဝါသနာပါသူတွေက ကျွန်တော်တို့ Page သို့မဟုတ်
Email မှဆက်သွယ်ပြီး ပြောကြားနိုင်ပါတယ်...။
Translator အသစ်တွေကိုလည်း welcome ပါ။...။
ယခု blog ကိုရေးသားသူက Admin Thant Hlaing Oo ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်။

Subscribe to:
Comments (Atom)